'သင်သေသွားသော်'


ဪ.....
လူ့ပြည်လောက၊လူ့ဘဝကား၊
အိုရနာရသေရဦးမည်၊မှန်ပေသည်တည်း။ ။

သို့တပြီးကား၊သင်သေသွားသော်၊
သင်ဖွားသောမြေ၊သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်ဧ။် ။ ။

သင်၏မျိုးသား၊စာစကားလည်း၊
ကြီးပွားတက်မြင့်၊ကျန်ကောင်းသင့်၏။ ။ ။

သင် ... ဦးချ၍၊

အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊
ပြောင်လက်၊ဝင်းလျှက် ကျန်စေသတည်း။

ဆရာဇော်ဂျီ (ဒီဇင်ဘာ-၁၉၃၅)
 မဂ္ဂဇင်းအမည် = အိုးဝေ 
ကဗျာဆရာအမည် = ဇော်ဂျီ(အသက်၂၈)
အယ်ဒီတာအမည် = အောင်ဆန်း(အသက်၂၀)
Image Hosting by imagefra.me Image Hosting by imagefra.me